Unicode & ZawGyi

ကျွန်တော့် နာမည်က ဟိန်းထက်မောင်မောင်ပါခင်ဗျ။ကျွန်တော်က ချင်းတွင်းကောလိပ်က ကျောင်းသားတစ်ယောက်ပါ။ HND Electrical and Electronic Engineering ကိုသင်ယူနေပါတယ်။ကျွန်တော့် အသက်ကတော့ ၂၀ ပါ။ချင်းတွင်းကောလိပ် မှာ 2015 လောက်ကစပြီး တက်ရောက်ဖြစ်ခဲ့ပါတယ်။

အစက ၁၀တန်းမှာ ဆေးကျောင်းမမှီလို့ ငါဘာမှမဟုတ်တဲ့ကောင်လို့ထင်မိတယ်။မိဘရော အသိုင်းအဝိုင်းတွေကပါ အထင်သေးခဲ့ကြတယ်။ဒါပေမဲ့ Final Year Project ကိုလုပ်ပြီးတဲ့ အချိန်မှာ ငါဘာလုပ်နိုင်တယ်၊ ဘယ်လောက်ထိ လုပ်နိုင်တယ်ဆိုတာ သိလိုက်ရတယ်။ဒါကတော့ ချင်းတွင်းကောလိပ်မှာ တက်ရောက်တဲ့အတွက် ဘာသာရပ်ပညာတွေအပြင် ယုံကြည်မှုတွေကိုပါ အပိုလက်ဆောင်ရခဲ့တာပါ။

ဘာလို့ Electrical and Electronic Engineering ကိုရွေးချယ်ခဲ့လည်းဆိုရင် EE က လူနေမှု living Standard တွေ အကုန်လုံးကို အကျိုးပြုနေတဲ့ အတွက်ကြောင့် ကျွန်တော် သဘောကျတာပါ။ ကျောင်းပြီးသွားရင်တော့ နိုင်ငံခြားကို ထွက်ဖြစ်မှာပါ ။ Master Degree ထိဆက်တက်မှာပါ။ပညာစုံရင် မြန်မာနိုင်ငံကိုလာပြီး အကျိုးပြုသွားမှာပါ။

ချင်းတွင်းကောလိပ်မှာတက်ရောက်ရတာ ကျွန်တော့် အတွက် စိတ်ကျေနပ်မှု ရှိပါတယ်။ဒီမှာက Assignment base exam ဆိုတော့ အဆင်ပြေပါတယ်။Tutors တွေကလည်း Just only guide lecturers ပဲ၊ knowledge ပေးတယ်။oversea ထွက်ရသလိုပါပဲ။ ဆရာတွေသာ အသင်အပြမကောင်းခဲ့ရင် ကျွန်တော်တို့ ကျောင်းကိုတက်မှာမဟုတ်ပါဘူး။

ချင်းတွင်းကောလိပ်ကနေ အခုသင်နေတဲ့ ဘာသာရပ်အပြင် တစ်ခြားဗဟုသုတတွေအနေနဲ့ သေချာတာကတော့ Electrical နဲ့ပက်သက်တဲ့ HND 2 Level က ဘာပြဿနာလာလာဖြေရှင်းနိုင်မယ်လို့ယုံကြည်ချက်တွေရှိပါတယ်။

တကယ်လို့များချင်းတွင်းကိုရွေးရမလား ဒါမှမဟုတ် တခြားကောလိပ်တွေကိုရွေးရမလားစဉ်းစားရခက်နေတဲ့ကျောင်းသားတစ်ယောက်ဖြစ်နေတယ်ဆိုရင် ချင်းတွင်းကို ရွေးချယ်ဖို့ပြောဖြစ်မှာပါ။
ဘာလို့လဲဆိုတော့ oversea ကိုထွက်ဖို့သေချာတဲ့ အခွင့်အရေးတွေရှိတာရယ်၊ HND Level Lecture သာမဟုတ်ပဲ English usually IELTS score (4 skills) တွေကိုပါ အဓိကထားပြီး သင်ကြားပေးနေလို့ပါ။

ချင်းတွင်းကောလိပ်ရဲ ့အားသာချက်ကတော့ဆရာတွေရဲ ့သင်ကြားမှုတွေပါပဲ။သင်ကြားမှုပိုင်းနဲ့ဘာသာရပ်တွေအပေါ်အမြင်ကတော့ Engineering ကို Architecture တို့ Mechatronic တို့ ထပ်ဖွင့်ရင်ကောင်းမယ်လို့ထင်တယ်။

သေချာတာကတော့ ကျောင်းပြီးသွားလို့ အလုပ်ရပြီး သာယာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်လာတဲ့အခါ ချင်းတွင်းကောလိပ်ရဲ ့ကျောင်းသားဘဝက အမှတ်တရ ဖြစ်နေမှာပါ ။

IFC တည်းက အတူတူစာလုပ်လာကြတဲ့လူတွေဆိုတော့ သူတို့ကို အမြဲအမှတ်ရနေမှာပါ။ကျောင်းတက်ရတဲ့ အတွေ့အကြုံအနေနဲ့က 12:30 အတန်းချိန်စတာများတော့ နေ့လည်စာတွေလွတ်တာများတယ် ။
Project လုပ်တုန်း Friendship ဆိုတဲ့အရသာ၊ Friendship ထက် ညီအကိုတွေလို စည်းလုံးပြီးကြိုးစားကြတာကလည်း ချင်းတွင်းကောလိပ်မှာတက်နေတုန်း အမှတ်ရစရာအကောင်းဆုံးအဖြစ်အပျက်တွေပါပဲ။

တကယ်လို့များ ဒီကျောင်းကဘွဲ့ရလို့ မိဘရဲ ့လုပ်ငန်းကို ဦးစီးဖြစ်ခဲ့ရင် ဒါမှမဟုတ် နောင် ၅ နှစ်လောက်အကြာမှာ ချင်းတွင်းကောလိပ်အကြောင်းကိုပြန်တွေးမိခဲ့မယ်ဆိုရင် သေချာတာကတော့ ဆရာတွေရဲ ့ကျေးဇူးကို အမြဲ အမှတ်ရနေမှာပါ။

#chindwinstudents #studentsexperience #EEE #ElectricalandElectronic #Chindwin #Chindwin_Student_experiences

 












Advertisements