Unicode >>

ကျွန်တော်နာမည် က မောင်အောင်ချမ်းမြေ့ ဖြစ်ပါတယ်။
ကျွန်တော်ရရှိမယ့် Degree အမျိုးအစားကတော့ B.Eng(Hons) Electronic Engineering (International) ဖြစ်ပါတယ် Final Year ဘွဲ့ကိုရ ရှိတော့မှာဖြစ်တဲ့အတွက် ကျွန်တော်နဲ့အတူ ကျွန်တော့မိဘတွေ အရမ်း ပျော်ရွှင်နေကြပါတယ် ။

နောင်ဆုံးနှစ်ကတော့ရင်ခုန်စရာအကောင်းဆုံးနှစ်ဖြစ်ပါတယ်။
Assignments တွေကို Deadlines မတိုင်ခင်ကြိုတင်ပြင်ရပါတယ်။

Project တွေကိုအကောင်းဆုံးဖြစ်အောင် နေ့ရောညပါ မနားမနေ ကြိုးစားလုပ်ဆောင်ရပါတယ်။

Exam တွေအတွက်ဆိုလည်း အမှတ်ကောင်းကောင်းရအောင် ဆရာ/ဆရာမ များ ဂရုတစိုက် သင်ကြားပေးနေချိန်မှာ
စိတ်ဝင်တစားနားထောင်ပြီး အိမ်မှာ ပြန်လည် Self-study လုပ်ရပါတယ် ။

ကိုယ်တိုင်အပင်ပန်းခံရပြီးကြိုးစားထားတဲ့အကျိုးတွေဟာ အောင်စာရင်းထွက်တဲ့အချိန်မှာကြိုးစားခဲ့ခြင်းရဲ့ ရလဒ်ကိုခံစားရပါတယ်။

အလွယ်တကူရခဲ့တဲ့ ဘွဲ့တော့မဟုတ်ပါဘူး အတန်းချိန်ကို ၁၅ မိနစ်ထက်နောက်ကျလို့ မရတဲ့အပြင် စာမေးပွဲတစ်လှည့် Assignment တစ်လှည့် နဲ့ မအားရအောင် ကြိုးစားခဲ့ရပါတယ်။

UOP မှာ Final year တက်ဖို့ ဆုံးဖြတ်ရမယ် ဆိုတုန်းက UOP ကျောင်းက ကမ႓ာ မှာနာမည် ရှိတဲ့ ကျောင်း ဖြစ်တဲ့အပြင် UOP မှာသင်ကြားပေးတဲ့ Courses တွေကလည်း UK မှာသင်ကြားပေးတဲ့သင်ခန်းစာတွေဖြစ်တယ် ။
Exam တွေကလည်း UKမှတိုက်ရိုက်ထုတ်သောမေးခွန်းများကိုဖြေကြားရပါတယ်။

ကျွန်တော့အနေ နဲ့ကျွန်တော်ရွေးချယ်ထားတဲ့ Electronic ဘာသာရပ်အပေါ်မှာ ဂုဏ်မိပါတယ်.။
ဘာလို့လည်းဆိုတော့ကျွန်တော်လွန်စွာစိတ်ဝင်စားတဲ့ဘာသာရပ်ဖြစ်လို့ပါ ။
ဘွဲ့ရပြီးရင် ကျွန်တော်ရရှိတဲ့ B.Eng (Hons) Electronic ဘွဲ့နဲ့သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်တွင်အကောင်းဆုံးအသုံးချ သွားမှာပါ။

ကျွန်တော်ရဲ့ နောက် Batch က ညီလေး ၊ညီမလေးတွေ ကို ပြောချင်တာ က အောင်မြင်တဲ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိအောင် ကြိုးစားနေတဲ့ ညီငယ်/ညီမငယ်တွေအတွက်လက်လွတ်မခံသင့်တဲ့ အကောင်းဆုံးအခွင့်အရေးတစ်ခုကို Chindwin College ကပေးနိုင်ပါလိမ့် မယ်လို့ ဝေမျှလိုက်ချင်ပါတယ် ။

#chindwincollege #Chindwin #UOP #graduation #finalyear #chindwin_student_experiences

Zawgyi >>







UOP မှာ Final year တက်ဖို့ ဆုံးဖြတ်ရမယ် ဆိုတုန်းက UOP ကျောင်းက ကမ္ဘာ မှာနာမည် ရှိတဲ့ ကျောင်း ဖြစ်တဲ့အပြင် UOP မှာသင်ကြားပေးတဲ့ Courses တွေကလည်း UK မှာသင်ကြားပေးတဲ့သင်ခန်းစာတွေဖြစ်တယ် ။




Advertisements