ကျွန်မ နာမည်က အိန္ဒြေမေဦး ပါ။ ချင်းတွင်းကောလိပ်တွင် Business Management Diploma အတွက် သင်ယူနေပါတယ်။
ချင်းတွင်းကို ၁၀တန်းအောင်တာနဲ့ နောက်နှစ်မှာ စတက်ခဲ့ပါတယ်။

ချင်းတွင်းဟာဆိုရင် test တွေ exam တွေနဲ့ မဟုတ်ပဲ assignment တွေကိုအဓိက ထားပြီး သင်ရပါတယ်။ စာတွေအလွတ်ကျက်ရတာမဟုတ်ပဲ assignment တွေ လုပ်ရတာဆိုတော့ တစ်သက်လုံး ဦးနှောက်ထဲ စွဲသွားပါတယ်။ ပုံသေကြီးလုပ်ရတာ မဟုတ်ပဲ ကိုယ့်ထင်မြင်ယူဆချက်တွေကိုလည်း ထည့်လို့ရ၊ပြောလို့ရ၊မေးလို့ရတော့ Skill တွေပိုပြီးတိုးတက်လာပါတယ်။ဆရာတွေကလည်းအမြဲပြောပါတယ်။ “ဆရာပြောတဲ့ စကားတိုင်းမယုံနဲ့ကိုယ့်ဘာသာလေ့လာပြီးမှယုံ” အဲ့လိုဆရာမျိုးဖြစ်တဲ့ အတွက် ကျွန်မတို့ Learning Skill တွေကပိုတိုးတက်လာပါတယ်။

စီးပွားရေး ဘာသာလေ့လာတာ ဆိုတော့ ချင်းတွင်း စတက်တာနဲ့ တစ်ခါမှမစပ်စုဖူးတဲ့မြန်မာနိုင်ငံစီးပွါးရေးအခြေအနေ အကြောင်း စစပ်စုမိလာတယ်။ ဥပမာ- ရွှေစျေး ၊ ဒေါ်လာစျေး ၊ အလုပ်သမား ငှားရမ်းပုံတွေ ၊တကယ့် စီးပွါးရေး လုပ်နေတဲ့ လုပ်ငန်းတွေ အကြောင်းလေ့လာမိတယ်။ကိုယ့်အလှည့်ရောက်ရင် ဘယ်လိုလုပ်မယ်ပေ့ါ ဆိုတာမျိုးတွေတွေးမိပါတယ်။

Lecturer တွေကလည်း အရမ်းတော်ပြီး စိတ်ရှည်ကြတယ်။ Experience တွေ share လုပ်ပေးတယ်။ business ဘာသာရပ်တွေကိုလည်း လက်တွေ့ကျကျ ရှင်းပြပေးတယ်။ကိုယ်တိုင် အပြင်မှာ တကယ့်လက်တွေ့ marketing ဆင်းခိုင်းတယ်။ survey လုပ်ရတယ်။စက်ရုံတွေလည်း လေ့လာရေးထွက်ရတယ်။ဗဟုသုတတွေအများကြီးရပါတယ်ရှင့်။စီးပွါးရေး အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန် မဟုတ်ဘဲ တကယ့်လက်တွေ့ ကျကျ ဖြစ်နိုင်ချေရှိတာတွေကိုတွေးတက်လာပါတယ်။

Diploma ရမှာဆိုတော ့အခုသင်ကြားနေရတဲ့ ဘာသာတွေက Diploma ရတာထက်ပိုပြီးတောင်စုံနေတယ်။ပြောချင်တာက အခု sem-3 မှာသင်ရတဲ့ business strategy တို့ဘာတို့က MBA အတန်းမှ သင်ရတာလို့ ဒီဘာသာသင်တဲ့ ဆရာမက ပြောတာ။အဲဒါကြောင့်ပဲ ချင်းတွင်းက သူများကျောင်းတွေလို ၁ နှစ်လောက်ပဲတက်ပြီး Diploma ရတာမျိုးမဟုတ်ဘူး။ ၃နှစ်လောက်တက်ရတာ။

ဘာသာရပ်တွေ ပြည့်ပြည့်စုံစုံသင်ရတဲ့အတွက်ပျော်တယ်။ပြီးတော့ ဒီမှာက English Language တွေနဲ့ပဲသင်တာဆိုတော့ သမီးတို့ကို English Class တွေကိုလည်စီစဉ်ပေးထားပါတယ်။

ကိုယ်လေ့လာချင်တဲ့ဘာသာရပ်ကို အပျော်မဟုတ်ပဲတကယ်လေ့လာချင်တယ်ဆိုရင်တော့ချင်းတွင်းကိုရွေးစေချင်တယ် စာသင်နေချိန်မှာလည်းဆရာတွေနဲ့ လွတ်လပ်စွာ အပြန်အလှန် ဆွေးနွေးပြီးစာသင်ရတယ်။ကိုယ်ပိုင် skill တွေကိုတိုးတက်စေတယ်။ပြီးတော့ချင်းတွင်းက ဘွဲ့ ရပြီးဘာသာရပ်တွေကို နားလည်မှာသေချာတယ် နိုင်ငံခြားမှာ ပညာဆက်သင်မယ်ဆိုရင်လည်းလွယ်ကူမယ်။ကိုယ့် အစွမ်းအစနဲ့အလုပ်တွေလည်းရှာရတာ လွယ်ကူမှာပါ။

အမှတ်တရ တွေက အခုချိန်မှာ အများကြီးပဲ ရှိပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူ research တွေ ၊ survey တွေ လုပ်ခဲ့တောတွေစဉ်းစားပြီး အမှတ်ရနေမှာပါ။ Singapore ကိုကျောင်းက Classmates တွေနဲ့ လေ့လာရေးခရီးထွက်ရတာရှင့်။တစ်ပတ်လောက်တော့ကြာတယ်။ Singapore ကိုသွားလည်တယ်။ပြီိးတော့ Singapore မှာရှိတဲ့ ကျောင်းတွေကို သွားလေ့လာရတာပေါ့ရှင်။အရမ်းပျော်ခဲ့ရပါတယ်။

Business လုပ်ဖို့ဆိုတာငယ်ငယ်တည်းက စိတ်ဝင်စားလာတာပါရှင်။အောင်မြင်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့က ငယ်ငယ်တည်းကအိပ်မက်ပါ။အဲ့ဒါကြောင့် Business Managements ကိုရွေးခဲ့တာပါ။ရွေးချယ်ထားတဲ့ အတွက် နောင်တမရပါဘူး။

ချင်းတွင်းပြီးရင် Singapore ကိုဆက်သွားပြီး Final Year ပြီးအောင်ဆက်တက်မှာပါ။
နိုင်ငံခြားမှာကျောင်းတက်ပြီးရင် တစ်ခြားကုမ္ပဏီ တွေမှာအလုပ်အတွေ့ကြုံရအောင်အလုပ်ဝင်ဖို့ရှိတယ်ရှင့်။ပြီးမှ ကိုယ်ပိုင်စီးပွါးရေးလေး တစ်ခုလောက်လုပ်ချင်ပါတယ်။

#Chindwin #Chindwin_Student_experiences

ကြ်န္မ နာမည္က အိေျႏၵေမဦး ပါ။ ခ်င္းတြင္းေကာလိပ္တြင္ Business Management Diploma အတြက္ သင္ယူေနပါတယ္။
ခ်င္းတြင္းကို ၁၀တန္းေအာင္တာနဲ႔ ေနာက္နွစ္မွာ စတက္ခဲ႔ပါတယ္။

ခ်င္းတြင္းဟာဆိုရင္ test ေတြ exam ေတြနဲ႔ မဟုတ္ပဲ assignment ေတြကိုအဓိက ထားျပီး သင္ရပါတယ္။ စာေတြအလြတ္က်က္ရတာမဟုတ္ပဲ assignment ေတြ လုပ္ရတာဆိုေတာ့ တစ္သက္လံုး ဦးေနွာက္ထဲ စြဲသြားပါတယ္။ ပံုေသၾကီးလုပ္ရတာ မဟုတ္ပဲ ကိုယ္႔ထင္ျမင္ယူဆခ်က္ေတြကိုလည္း ထည့္လို႔ရ၊ေျပာလို႔ရ၊ေမးလို႔ရေတာ့ Skill ေတြပိုျပီးတိုးတက္လာပါတယ္။ဆရာေတြကလည္းအျမဲေျပာပါတယ္။ “ဆရာေျပာတဲ႔ စကားတုိင္းမယံုနဲ႔ကိုယ္႕ဘာသာေလ့လာျပီးမွယံု” အဲ့လိုဆရာမ်ိဳးျဖစ္တဲ႔ အတြက္ ကြ်န္မတို႔ Learning Skill ေတြကပိုတိုးတက္လာပါတယ္။

စီးပြားေရး ဘာသာေလ့လာတာ ဆိုေတာ့ ခ်င္းတြင္း စတက္တာနဲ႔ တစ္ခါမွမစပ္စုဖူးတဲ႔ျမန္မာနိုင္ငံစီးပြါးေရးအေျခအေန အေၾကာင္း စစပ္စုမိလာတယ္။ ဥပမာ- ေရႊေစ်း ၊ ေဒၚလာေစ်း ၊ အလုပ္သမား ငွားရမ္းပံုေတြ ၊တကယ္႔ စီးပြါးေရး လုပ္ေနတဲ႔ လုပ္ငန္းေတြ အေၾကာင္းေလ႔လာမိတယ္။ကိုယ္႔အလွည့္ေရာက္ရင္ ဘယ္လိုလုပ္မယ္ေပ့ါ ဆိုတာမ်ိဳးေတြေတြးမိပါတယ္။

Lecturer ေတြကလည္း အရမ္းေတာ္ျပီး စိတ္ရွည္ၾကတယ္။ Experience ေတြ share လုပ္ေပးတယ္။ business ဘာသာရပ္ေတြကိုလည္း လက္ေတြ႔က်က် ရွင္းျပေပးတယ္။ကိုယ္တိုင္ အျပင္မွာ တကယ္႔လက္ေတြ႔ marketing ဆင္းခိုင္းတယ္။ survey လုပ္ရတယ္။စက္ရံုေတြလည္း ေလ႔လာေရးထြက္ရတယ္။ဗဟုသုတေတြအမ်ားၾကီးရပါတယ္ရွင္႔။စီးပြါးေရး အေၾကာင္းကို စိတ္ကူးယဥ္ဆန္ဆန္ မဟုတ္ဘဲ တကယ့္လက္ေတြ႔ က်က် ျဖစ္နိုင္ေခ်ရွိတာေတြကိုေတြးတက္လာပါတယ္။

Diploma ရမွာဆိုေတာ ့အခုသင္ၾကားေနရတဲ႔ ဘာသာေတြက Diploma ရတာထက္ပိုျပီးေတာင္စံုေနတယ္။ေျပာခ်င္တာက အခု sem-3 မွာသင္ရတဲ႔ business strategy တို႔ဘာတို႔က MBA အတန္းမွ သင္ရတာလို႔ ဒီဘာသာသင္တဲ႔ ဆရာမက ေျပာတာ။အဲဒါေၾကာင္႔ပဲ ခ်င္းတြင္းက သူမ်ားေက်ာင္းေတြလို ၁ နွစ္ေလာက္ပဲတက္ျပီး Diploma ရတာမ်ိဳးမဟုတ္ဘူး။ ၃ႏွစ္ေလာက္တက္ရတာ။

ဘာသာရပ္ေတြ ျပည့္ျပည့္စံုစံုသင္ရတဲ႔အတြက္ေပ်ာ္တယ္။ျပီးေတာ့ ဒီမွာက English Language ေတြနဲ႔ပဲသင္တာဆိုေတာ့ သမီးတို႔ကို English Class ေတြကိုလည္စီစဥ္ေပးထားပါတယ္။

ကိုယ္ေလ႔လာခ်င္တဲ႔ဘာသာရပ္ကို အေပ်ာ္မဟုတ္ပဲတကယ္ေလ့လာခ်င္တယ္ဆိုရင္ေတာ့ခ်င္းတြင္းကိုေရြးေစခ်င္တယ္ စာသင္ေနခ်ိန္မွာလည္းဆရာေတြနဲ႔ လြတ္လပ္စြာ အျပန္အလွန္ ေဆြးေႏြးျပီးစာသင္ရတယ္။ကိုယ္ပိုင္ skill ေတြကိုတိုးတက္ေစတယ္။ျပီးေတာ့ခ်င္းတြင္းက ဘြဲ႔ ရျပီးဘာသာရပ္ေတြကို နားလည္မွာေသခ်ာတယ္ နိုင္ငံျခားမွာ ပညာဆက္သင္မယ္ဆိုရင္လည္းလြယ္ကူမယ္။ကိုယ္႔ အစြမ္းအစနဲ႔အလုပ္ေတြလည္းရွာရတာ လြယ္ကူမွာပါ။

အမွတ္တရ ေတြက အခုခ်ိန္မွာ အမ်ားၾကီးပဲ ရွိပါတယ္။ သူငယ္ခ်င္းေတြနဲ႔ အတူတူ research ေတြ ၊ survey ေတြ လုပ္ခဲ႔ေတာေတြစဥ္းစားျပီး အမွတ္ရေနမွာပါ။ Singapore ကိုေက်ာင္းက Classmates ေတြနဲ႔ ေလ႔လာေရးခရီးထြက္ရတာရွင္႔။တစ္ပတ္ေလာက္ေတာ့ၾကာတယ္။ Singapore ကိုသြားလည္တယ္။ျပီိးေတာ့ Singapore မွာရွိတဲ႔ ေက်ာင္းေတြကို သြားေလ႔လာရတာေပါ့ရွင္။အရမ္းေပ်ာ္ခဲ႔ရပါတယ္။

Business လုပ္ဖို႔ဆိုတာငယ္ငယ္တည္းက စိတ္၀င္စားလာတာပါရွင္။ေအာင္ျမင္တဲ႔ စီးပြါးေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ဖို႔က ငယ္ငယ္တည္းကအိပ္မက္ပါ။အဲ႔ဒါေၾကာင့္ Business Managements ကိုေရြးခဲ႔တာပါ။ေရြးခ်ယ္ထားတဲ႔ အတြက္ ေနာင္တမရပါဘူး။

ခ်င္းတြင္းျပီးရင္ Singapore ကိုဆက္သြားျပီး Final Year ျပီးေအာင္ဆက္တက္မွာပါ။
နုိင္ငံျခားမွာေက်ာင္းတက္ျပီးရင္ တစ္ျခားကုမၸဏီ ေတြမွာအလုပ္အေတြ႔ၾကံဳရေအာင္အလုပ္၀င္ဖို႔ရွိတယ္ရွင္႔။ျပီးမွ ကိုယ္ပိုင္စီးပြါးေရးေလး တစ္ခုေလာက္လုပ္ခ်င္ပါတယ္။

#Chindwin #Chindwin_Student_experiences

Advertisements