အလုပ်အကိုင်အခွင့်အလမ်း မြောက်မြားစွာရှိခြင်း-
စီးပွားရေးပညာရပ် မှာ ဈေးကွက်မြှင့်တင်ရေး Marketing၊ လူ ့စွမ်းအားအရင်းအမြစ် human
resources ၊ စာရင်းကိုင်ပညာ accounting ၊ အိုင်စီတီ ICT နည်းပညာ ၊ စားသုံးသူစောင့်ရှောက်ရေး customer care စတဲ့ ဘာသာရပ်ဆိုင်ရာသင်ရိုးတွေကိုလည်း ထည့်သွင်းသင်ကြားပေးပါတယ် ။
ဒီပညာရပ် အရည်အသွေးတွေရှိထားတဲ့သူတွေကိုလည်း ကုမ္ပဏီတိုင်းအဖွဲ ့အစည်းတိုင်းက လိုအပ်နေကြတာမို ့၊အလုပ်အကိုင်အခွင့်အလမ်းတွေ မြောက်မြားစွာ ရှိတာပါ ။
Exceptional customer service ပေးနိုင်ရန် လေ့လာရခြင်း-
စီးပွားရေးလုပ်ငန်းအောင်မြင်မှုရဖို ့အတွက်ဆိုရင် ့Customer တွေရဲ ့လိုအပ်ချက်တွေကို နား
လည်သဘောပေါက်ဖို ့လိုသလို ၊ သူတို ့မျှော်လင့်ထားတာတွေထက်အောင် ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးဖို ့လိုပါတယ် ။ ဒီ စီးပွားရေးပညာသင်ရိုးကတော့
အဲ့ဒီလိုအောင်မြင်မှုရအောင် ပြသမှာပါ ။
ယုံကြည်မှုတွေတိုးပွားစေခြင်း-
စီးပွားရေးပညာရပ်သင်ရိုးတွေဟာ ပုဂ္ဂိုလ်ရေးအရည်အချင်းတွေကိိုပါ ပိုမိုတိုးတက်ဖွံ ့ဖြိုးစေပြီး ၊ လုပ်ငန်းခွင်မှာ လူတွေနဲ ့ပြောဆိုဆက်ဆံရာမှာလည်း ယုံကြည်မှုပိုရှိလာစေမှာဖြစ်ပါတယ်။ ကျွန်တော်တို ့ရဲ ့သင်ရိုးတွေမှာ အုပ်စုလိုက် Project များလုပ်ရခြင်း ၊ ရန်ပုံငွေရှာရခြင်းစသည့် လှုပ်ရှားမှုများထည့်သွင်းထားပြီး တစ်ဦးချင်း ပုဂ္ဂလအရည်အသွေးတွေတိုးတက်အောင် စီစဉ်ထည့်သွင်းထားပါတယ်။
Social Networking ကို တိုးတက်စေခြင်း-
စီးပွားရေးသမားတွေဟာ အစီရင်ခံစာ Report တွေ ၊ ပေးစာတွေ ၊ အီးမေးတွေ ၊ တင်ပြချက် presentationတွေ ရေးသားတာ ၊ ဖေါက်သည်တွေနဲ ့စေ့စပ်ညှိနှိုင်းမှုတွေလုပ်ရတာ ရှိပါတယ် ။ အမူအရာဘာသာစကားရဲ ့အရေးပါမှုကို သတိပြုမိအောင် ၊ သင့်နားထောင်စွမ်းရည်ကို ဖွံ ့ဖြိုးတိုးတက်စေဖို ့ကျွန်တော်တို ့ စီစဉ်ထားပါတယ် ။
ကိုယ်ပိုင်လုပ်ငန်းဘဲ တည်ထောင်ချင်ပါသလား-
စီးပွားရေးပညာရပ်သင်ရိုးတွေမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို စီမံခန် ့ခွဲရာမှာ လိုအပ်မယ့် အရည်အသွေးတွေ ၊ အသိပညာတွေကို တတ်မြောက်သွားအောင် ပံ့ပိုးသင်ကြားပေးလိုက်တာဖြစ်ပါတယ် ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလိုက်ပါ ။
#business_HND #chindwin_college #CDC
Advertisements