




[Unicode]

ကမ္ဘာ့အဆင့်မီဘွဲ့ရလူငယ်တွေ မွေးထုတ်ပေးဖို့ Chindwin – PSB Institute ကို ဖွင့်လှစ်လိုက်ပါပြီ

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ ဖြိုးတိုးတက်ရေးဟာ ပညာရေးနဲ့တိုက်ရိုက်အချိုးကျပါတယ်။ ဒါ့ကြောင့်ပဲ ဖွံ့ ဖြိုးပြီးတိုင်းပြည်တွေဟာ ပညာရေးမြင့်မားကြတာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ပညာပြည့်ဝမှသာ ခေတ်မီဖွံ့ ဖြိုးတဲ့ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ရာမှာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ပညာရေးကို အကောင်အထည်ဖော်ရာမှာ နိုင်ငံတကာအဆင့်မီဘွဲ့ရတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါသေးတယ်။ ဒါ့ကြောင့်ပဲ မြန်မာနိုင်ငံပညာရေးဖွံ့ ဖြိုးတိုးတက်ဖို့နဲ့ စီးပွားရေးဆိုင်ရာဘွဲ့တွေကို နိုင်ငံတစ်ဝှမ်းမှာ သင်ကြားပို့ချနိုင်စေဖို့ စင်္ကာပူနိုင်ငံရဲ့ ထိပ်တန်းပညာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ PSB Academy နဲ့ မြန်မာလူငယ်တွေရဲ့ဘဝရပ်တည်မှုနဲ့ အောင်မြင်မှုတွေအတွက် ဆယ်စုနှစ်တစ်ခုကြာအောင် မွေးထုပ်ပေးနေခဲ့တဲ့ Chindwin College တို့ ပူးပေါင်းပြီး Chindwin – PSB Institute ကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီအခမ်းအနားကိုတော့ Chindwin – PSB Institute တည်ရှိရာ Sinmalite Business Tower မှာ ဇူလိုင်လ (၆) ရက်နေ့တုန်းက ကျင်းပခဲ့ပါတယ်။ Chindwin College ဟာ မြန်မာနိုင်ငံမှာ HND Diploma ကို ပထမဆုံးပေးအပ်နိုင်တဲ့ College တစ်ခုဖြစ်တဲ့အပြင် မြန်မာနိုင်ငံအင်ဂျင်နီယာအဖွဲ့အစည်းက အသိအမှတ်ပြုထားတဲ့ တစ်ခုတည်းသော College ဖြစ်ပါတယ်။

Chindwin – PSB Institute ဟာ မြန်မာလူငယ်တွေအတွက် အရည်အသွေးမြင့်တက္ကသိုလ်ပညာရေးကို ပေးအပ်ဖို့သာမက နိုင်ငံတကာအတွေ့အကြုံနဲ့ အဆက်အသွယ်ကောင်းတွေ ဖန်တီးပေးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းတွေ ရရှိစေဖို့ ကမ္ဘာ့အဆင့်မီဘွဲ့ရလူငယ်တွေကို မွေးထုတ်ပေးပြီး ဂုဏ်သတင်းအောင်မြင်မှုနဲ့ တိုးတက်စေဖို့ ရည်ရွယ်ထားပါတယ်။ PSB Academy (Singapore) နဲ့ Chindwin College (Myanmar) တို့ဟာ ၂ဝ၁၆ခုနှစ်ကတည်းက ပြည်တွင်းမှ HND ဘွဲ့ရကျောင်းသားတွေကို UK နိုင်ငံရဲ့  အဆင့် (၂၅) ရှိတဲ့ University of Portsmouth  မှ ဘွဲ့ကို ရယူသင်ကြားနိုင်အောင် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာလူငယ်အယောက် (၆ဝ) ကို University of Portsmouth မှ နိုင်ငံတကာအဆင့်မီဘွဲ့ရယူစေခဲ့တဲ့အပြင် နိုင်ငံတကာကုမ္ပဏီကြီးမှာလည်း အလုပ်အကိုင်ကောင်းတွေ ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Chindwin – PSB Institute ဖွင့်ပွဲအခမ်းအနားကို PSB Academy (Singapore) နဲ့ Chindwin College (Myanmar) တို့ရဲ့ Chairman နဲ့ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှ Acting Country Director of the British Council ၊ စင်္ကာပူသံရုံးမှ Deputy Chief of Mission and Counsellor တို့နဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်ကြတဲ့ University of Portsmouth မှ Pro Vice-Chancellor ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ အင်ဂျင်နီယာအသင်းမှ လူကြီးမင်းတွေနဲ့ တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ပညာရေးခေတ်ဟာ ပြောင်းလဲလာခဲ့ပြီး လူငယ်တွေကလည်း သင်ယူလိုစိတ်ပြင်းပြလာပြီဖြစ်တာကြောင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေမှာ သင်ကြားရမယ်ဆိုရင် အနာဂတ်ဘဝရပ်တည်မှုဟာ ပြည့်စုံကောင်းမွန်လာမယ်လို့ Chindwin – PSB Institute ရဲ့ College Director ဆရာဦးကံဝင်းအောင်မှ ပြောကြားခဲ့ပါတယ်။ Chindwin – PSB Institute မှာ BA (Hons) Business and Managenemt ၊ BEng (Hons) Electronic Engineering ၊ BEng (Hons) Civil Engineering နဲ့ BEng (Hons) Mechanical Engineering နဲ့ စတဲ့ဘာသာရပ်တွေကို တက်ရောက်နိုင်ပြီး အသေးစိတ်သိရှိလိုရင်တော့ ဖုန်းနံပါတ် 09-954005959 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Advertisements