သင္ၾကားေလ့လာမႈေတြ ျပဳလုပ္တဲ့အခါ အသုံးဝင္မဲ့ သင္ၾကားမႈ အေထာက္အကူျပဳ နည္းလမ္းအခ်ိဳ႕ကို ေဖာ္ျပလိုက္ပါတယ္။

♦ အေလ့အက်င့္ေကာင္းေတြကို အတုခိုးပါ။ သင္ဆရာ၊ ၾကားဆရာေတြရဲ့ အႀကံဉာဏ္ေကာင္း၊ အေတြ႕အၾကဳံေကာင္း၊ အေလ့အက်င့္ေကာင္းေတြကို အတုခိုးပါ။
♦ ဖန္တီးမႈျမႇင့္တင္ပါ။ တစ္ခုခုကို မွတ္သားတဲ့အခါ ကြန္ျပဴတာမွာ လိုက္ေရးတာထက္ လက္နဲ႔ ခ်ေရးတာက ဖန္တီးမႈကို ပိုမိုအားေကာင္းေစပါတယ္။
♦ စာဖတ္တဲ့အခါ ကြန္ျပဴတာရဲ့ အသံထြက္ စာဖတ္စနစ္ကို သုံးပါ။ ကြန္ျပဴတာကေန အသံထြက္ စာဖတ္တဲ့ စနစ္က ပိုမို မွတ္မိလြယ္ေစၿပီး အခ်ိန္ကုန္ သက္သာေစပါတယ္။
♦ အခ်ိန္ျဖဳန္းျခင္းေလ်ာ့ပါ။ ကြန္ျပဴတာ အသုံးျပဳျခင္းကို တိုင္းတာတဲ့ ေဆာ့ဝဲဒ့္ အသုံးျပဳသင့္ပါတယ္။ တစ္ေန႔ အင္တာနက္ကို ဘယ္ေလာက္ၾကာေအာင္သုံးမိေနတယ္။ ဂိမ္း ဘယ္ေလာက္ၾကာေအာင္ ေဆာ့မိတယ္ဆိုတာမ်ိဳးကို သိေနေစျခင္းက အခ်ိန္ျဖဳန္းတာကို ေလ်ာ့ေစပါတယ္။
♦ မိမိအလုပ္ၿပီးရမဲ့ ေနာက္ဆုံးရက္ကို အေပါင္းအသင္းေတြကို ေျပာျပထားပါ။ ကိုယ္ၿပီးရမဲ့ တာဝန္ေတြကို အခ်ိန္မီမလုပ္နိုင္တဲ့အခါ အေပါင္းအသင္းၾကားမွာ အရွက္ရတာမ်ိဳးမျဖစ္ခ်င္တဲ့အတြက္ ကိုယ့္ကိုယ္ကို ဖိအားေပးထားရာက်ၿပီး အလုပ္ၿပီးေျမာက္ေစပါတယ္။
♦ ပုံမွန္မဟုတ္တဲ့ေရြးခ်ယ္မႈေတြ ျပဳလုပ္ပါ။ တစ္ခုခု စဥ္းစားရၾကပ္တဲ့အခါ ပုံမွန္ေျဖေနက် ပုံစံေတြကေန ခြဲထြက္ၿပီး ထူးျခားတဲ့ ေရြးခ်ယ္မႈေတြ ျပဳလုပ္ပါ။ ဥပမာ – စာေမးပြဲမွာ အေျဖမွန္ကို စဥ္းစားတာထက္ မွားနိုင္တဲ့ အေျဖေတြကို ထုတ္ပစ္တာမ်ိဳး၊ ေျပာင္းျပန္စဥ္းစားတာမ်ိဳးေပါ့။
♦ လူအမ်ားေရွ႕ တင္ဆက္ေျပာဆိုမႈေတြ ျပဳလုပ္တဲ့အခါ ေရဘူးေဆာင္သြားပါ။ တစ္ခုခု ေျပာဖို႔ သတိမရတဲ့အခါ ေရထုတ္ေသာက္တာက ေမ့တတ္တာကို လူေတြ သတိမထားမိေစပဲ စဥ္းစားဖို႔ အခ်ိန္ရေစပါတယ္။

[unicode]

သင်ကြားလေ့လာမှုတွေ ပြုလုပ်တဲ့အခါ အသုံးဝင်မဲ့ သင်ကြားမှု အထောက်အကူပြု နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။

♦ အလေ့အကျင့်ကောင်းတွေကို အတုခိုးပါ။ သင်ဆရာ၊ ကြားဆရာတွေရဲ့ အကြံဉာဏ်ကောင်း၊ အတွေ့အကြုံကောင်း၊ အလေ့အကျင့်ကောင်းတွေကို အတုခိုးပါ။
♦ ဖန်တီးမှုမြှင့်တင်ပါ။ တစ်ခုခုကို မှတ်သားတဲ့အခါ ကွန်ပြူတာမှာ လိုက်ရေးတာထက် လက်နဲ့ ချရေးတာက ဖန်တီးမှုကို ပိုမိုအားကောင်းစေပါတယ်။
♦ စာဖတ်တဲ့အခါ ကွန်ပြူတာရဲ့ အသံထွက် စာဖတ်စနစ်ကို သုံးပါ။ ကွန်ပြူတာကနေ အသံထွက် စာဖတ်တဲ့ စနစ်က ပိုမို မှတ်မိလွယ်စေပြီး အချိန်ကုန် သက်သာစေပါတယ်။
♦ အချိန်ဖြုန်းခြင်းလျော့ပါ။ ကွန်ပြူတာ အသုံးပြုခြင်းကို တိုင်းတာတဲ့ ဆော့ဝဲဒ့် အသုံးပြုသင့်ပါတယ်။ တစ်နေ့ အင်တာနက်ကို ဘယ်လောက်ကြာအောင်သုံးမိနေတယ်။ ဂိမ်း ဘယ်လောက်ကြာအောင် ဆော့မိတယ်ဆိုတာမျိုးကို သိနေစေခြင်းက အချိန်ဖြုန်းတာကို လျော့စေပါတယ်။
♦ မိမိအလုပ်ပြီးရမဲ့ နောက်ဆုံးရက်ကို အပေါင်းအသင်းတွေကို ပြောပြထားပါ။ ကိုယ်ပြီးရမဲ့ တာဝန်တွေကို အချိန်မီမလုပ်နိုင်တဲ့အခါ အပေါင်းအသင်းကြားမှာ အရှက်ရတာမျိုးမဖြစ်ချင်တဲ့အတွက် ကိုယ့်ကိုယ်ကို ဖိအားပေးထားရာကျပြီး အလုပ်ပြီးမြောက်စေပါတယ်။
♦ ပုံမှန်မဟုတ်တဲ့ရွေးချယ်မှုတွေ ပြုလုပ်ပါ။ တစ်ခုခု စဉ်းစားရကြပ်တဲ့အခါ ပုံမှန်ဖြေနေကျ ပုံစံတွေကနေ ခွဲထွက်ပြီး ထူးခြားတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ပါ။ ဥပမာ – စာမေးပွဲမှာ အဖြေမှန်ကို စဉ်းစားတာထက် မှားနိုင်တဲ့ အဖြေတွေကို ထုတ်ပစ်တာမျိုး၊ ပြောင်းပြန်စဉ်းစားတာမျိုးပေါ့။
♦ လူအများရှေ့ တင်ဆက်ပြောဆိုမှုတွေ ပြုလုပ်တဲ့အခါ ရေဘူးဆောင်သွားပါ။ တစ်ခုခု ပြောဖို့ သတိမရတဲ့အခါ ရေထုတ်သောက်တာက မေ့တတ်တာကို လူတွေ သတိမထားမိစေပဲ စဉ်းစားဖို့ အချိန်ရစေပါတယ်။

 

 

Advertisements