အခုလိုအေတြ႔အၾကံဳေကာင္းေတြအမ်ားၾကီးကိုရရွိတာဟာ ဆုလာဘ္ေကာင္းတစ္ခုလိုပါပဲေက်ာင္းသားေတြနဲ႔လဲနက္ရွိဳင္းျပီးေရရွည္ခိုင္ျမဲမယ့္ခင္မင္မွဳကိုတည္ေဆာက္ႏိုင္ခဲ့တယ္။

ဒီက၀န္ထမ္းေတြကလဲအမ်ားၾကီးကူညီေပးၾကတယ္ ။ အရမ္းလည္းေပ်ာ္ဖို႔ေကာင္းတယ္။ေက်ာင္းသားေတြက ထက္ျမက္တယ္၊ ေလးစားမွဳရွိတယ္၊အာရံုစူးစိုက္မွဳအျပည္နဲ႔ရႏိုင္သမွ်ပညာကိုအကုန္ယူၾကတယ္ဒီလိုပတ္၀န္းက်င္မ်ိဳးမွာ သင္ၾကားေပးရတာကိုသေဘာက်ပါတယ္။

ပထမဆံုးအေနနဲ႔ေက်ာင္းသားေတြေျပာခ်င္တာကိုရဲရဲ၀ံ့၀ံ့ေျပာရဲလာေအာင္အေလးထားျပီးေလ႔က်င့္ေပးတယ္။ကၽြန္မရဲ႕ပထမဆံုးစည္းမ်ဥ္းက ၾကံဳလာမယ့္အရာတိုင္းကိုရင္ဆိုင္စိန္ေခၚရဲဖို႔ပါပဲ။ကၽြန္မကေတာ့ အစကတည္းကသူတို႔စိတ္ထဲရွိတဲ့အတိုင္းကိုေၾကာက္ရြံ႕မေနပဲရဲရဲ၀ံ့၀ံ့ေျပာဖို႔အျမဲအားေပးတယ္။

အထူးသျဖင့္တစ္ခုခုေျပာလိုက္လို႔မွားသြားမွာကိုေၾကာက္တဲ့စိတ္ျဖစ္မေနေအာင္ေပါ့ကၽြန္မတို႔အဖြဲ႔လိုက္စုျပီးသင္ခန္းစာေတြလုပ္ျဖစ္တယ္၊အဖြဲ႔လိုက္ေဆြးေႏြးၾကတယ္၊ျငင္းခုန္ၾကတယ္အထူးသျဖင့္မ်က္ေမွာက္ေခတ္နဲ႔ပတ္
သက္တဲ့အေၾကာင္းအရာေတြ အက်ိဳးသက္ေရာက္မွဳေတြ၊ ျမန္မာႏိုင္ငံအေၾကာင္း အဲဒီလိုအေၾကာင္းအရာေတြဆိုသူတို႔ဆီက ေျပာစရာစကားေတြအမ်ားၾကီးထြက္လာတယ္။

အဲဒီလိုအျပန္အလွန္ေဆြးေႏြးႏိုင္တဲ့ပတ္၀န္းက်င္မ်ိဳးရွိတာအေတာ္ေကာင္းတယ္ေျပာရမယ္။ခုလိုေျပာရင္ယံုရခက္လိမ့္မယ္ဒါေပမယ့္ေန႔ရက္တိုင္းဟာေပ်ာ္စရာေတြအျပည့္ပါပဲ။အခုလိုတပည့္ေကာင္းေတြနဲ႔ဆံုရတာကၽြန္မအတြက္ကံေကာင္းတာပဲ။

အခုသင္ၾကားရတဲ့အသိုင္းအ၀ိုင္းကလည္းသက္ေတာင့္သက္သာရွိတဲ့အတြက္လြတ္လြတ္လပ္လပ္နဲ႔စာသင္ရေကာင္းတယ္လို႔လည္းသူတို႔ကေျပာၾကတယ္။

ကၽြန္မကေတာ့ ခ်င္းတြင္းေကာလိပ္ကိုပဲအဓိကညႊန္းခ်င္ပါတယ္
အထူးသျဖင့္ ခုလိုသင္တန္းမ်ိဳးေတြမ်ားမ်ားဖြင့္ေပးေစခ်င္ပါတယ္

ခုလက္ရွိကကၽြန္မတို႔သင္ရမယ့္ရည္မွန္းခ်က္အတြက္ရထားတဲ့အခ်ိန္ကနည္းေနတယ္။ေနာင္ကိုေတာ့ဒီထက္ပိုျပီးအခ်ိန္မ်ားမ်ားရႏိုင္မယ္ဆုိရင္ပိုေကာင္းမယ္လို႔ထင္တယ္။

ဒါေပမယ့္အခုေရြးခ်ယ္ေခၚထားတဲ့ဆရာေတြကတကယ္ေတာ္တဲ့သူေတြပါ
ကၽြန္မတို႔က မတူညီတဲ့ေနရာေဒသေတြကေနလာၾကတာဆိုေတာ့
ေက်ာင္းသားေတြအတြက္လည္းကမ္ၻာတစ္၀ွမ္းကလူေတြကိုတစ္ေနရာတည္းမွာစုျပီးေတြ႔ႏိုင္လို႔သူတို႔အတြက္အရမ္းေကာင္းပါတယ္။

ေနရာစံုကသင္ၾကားနည္းမ်ိဳးစံုကိုလည္းတစ္ခါတည္းေတြ႔ခြင့္ရသြားတာေပါ့။
အခုလိုမတူညီတဲ့သင္ၾကားနည္းေတြနဲ႔သင္ၾကားေပးတဲ့ခ်င္းတြင္းေကာလိပ္မွာသင့္အတြက္အေတြ႔အၾကံဳသစ္ေတြအမ်ားၾကီးရေစမွာပါ။
ဒီကကၽြန္မရဲ႕တပည့္ေတြကလည္းခုလုိသင္ရတာကိုသေဘာက်ၾကတယ္။ဒါေၾကာင့္တကယ္ေကာင္းတဲ့တက္ၠသိုလ္တစ္ခုပါ ။

[unicode]

အခုလိုအတွေ့အကြုံကောင်းတွေအများကြီးကိုရရှိတာဟာ ဆုလာဘ်ကောင်းတစ်ခုလိုပါပဲကျောင်းသားတွေနဲ့လဲနက်ရှိုင်းပြီးရေရှည်ခိုင်မြဲမယ့်ခင်မင်မှုကိုတည်ဆောက်နိုင်ခဲ့တယ်။

ဒီကဝန်ထမ်းတွေကလဲအများကြီးကူညီပေးကြတယ် ။ အရမ်းလည်းပျော်ဖို့ကောင်းတယ်။ကျောင်းသားတွေက ထက်မြက်တယ်၊ လေးစားမှုရှိတယ်၊အာရုံစူးစိုက်မှုအပြည်နဲ့ရနိုင်သမျှပညာကိုအကုန်ယူကြတယ်ဒီလိုပတ်ဝန်းကျင်မျိုးမှာ သင်ကြားပေးရတာကိုသဘောကျပါတယ်။

ပထမဆုံးအနေနဲ့ကျောင်းသားတွေပြောချင်တာကိုရဲရဲဝံ့ဝံ့ပြောရဲလာအောင်အလေးထားပြီးလေ့ကျင့်ပေးတယ်။ကျွန်မရဲ့ပထမဆုံးစည်းမျဉ်းက ကြုံလာမယ့်အရာတိုင်းကိုရင်ဆိုင်စိန်ခေါ်ရဲဖို့ပါပဲ။ကျွန်မကတော့ အစကတည်းကသူတို့စိတ်ထဲရှိတဲ့အတိုင်းကိုကြောက်ရွံ့မနေပဲရဲရဲဝံ့ဝံ့ပြောဖို့အမြဲအားပေးတယ်။

အထူးသဖြင့်တစ်ခုခုပြောလိုက်လို့မှားသွားမှာကိုကြောက်တဲ့စိတ်ဖြစ်မနေအောင်ပေါ့ကျွန်မတို့အဖွဲ့လိုက်စုပြီးသင်ခန်းစာတွေလုပ်ဖြစ်တယ်၊အဖွဲ့လိုက်ဆွေးနွေးကြတယ်၊ငြင်းခုန်ကြတယ်အထူးသဖြင့်မျက်မှောက်ခေတ်နဲ့ပတ်
သက်တဲ့အကြောင်းအရာတွေ အကျိုးသက်ရောက်မှုတွေ၊ မြန်မာနိုင်ငံအကြောင်း အဲဒီလိုအကြောင်းအရာတွေဆိုသူတို့ဆီက ပြောစရာစကားတွေအများကြီးထွက်လာတယ်။

အဲဒီလိုအပြန်အလှန်ဆွေးနွေးနိုင်တဲ့ပတ်ဝန်းကျင်မျိုးရှိတာအတော်ကောင်းတယ်ပြောရမယ်။ခုလိုပြောရင်ယုံရခက်လိမ့်မယ်ဒါပေမယ့်နေ့ရက်တိုင်းဟာပျော်စရာတွေအပြည့်ပါပဲ။အခုလိုတပည့်ကောင်းတွေနဲ့ဆုံရတာကျွန်မအတွက်ကံကောင်းတာပဲ။

အခုသင်ကြားရတဲ့အသိုင်းအဝိုင်းကလည်းသက်တောင့်သက်သာရှိတဲ့အတွက်လွတ်လွတ်လပ်လပ်နဲ့စာသင်ရကောင်းတယ်လို့လည်းသူတို့ကပြောကြတယ်။

ကျွန်မကတော့ ချင်းတွင်းကောလိပ်ကိုပဲအဓိကညွှန်းချင်ပါတယ်
အထူးသဖြင့် ခုလိုသင်တန်းမျိုးတွေများများဖွင့်ပေးစေချင်ပါတယ်

ခုလက်ရှိကကျွန်မတို့သင်ရမယ့်ရည်မှန်းချက်အတွက်ရထားတဲ့အချိန်ကနည်းနေတယ်။နောင်ကိုတော့ဒီထက်ပိုပြီးအချိန်များများရနိုင်မယ်ဆိုရင်ပိုကောင်းမယ်လို့ထင်တယ်။

ဒါပေမယ့်အခုရွေးချယ်ခေါ်ထားတဲ့ဆရာတွေကတကယ်တော်တဲ့သူတွေပါ
ကျွန်မတို့က မတူညီတဲ့နေရာဒေသတွေကနေလာကြတာဆိုတော့
ကျောင်းသားတွေအတွက်လည်းကမ်္ဘာတစ်ဝှမ်းကလူတွေကိုတစ်နေရာတည်းမှာစုပြီးတွေ့နိုင်လို့သူတို့အတွက်အရမ်းကောင်းပါတယ်။

နေရာစုံကသင်ကြားနည်းမျိုးစုံကိုလည်းတစ်ခါတည်းတွေ့ခွင့်ရသွားတာပေါ့။
အခုလိုမတူညီတဲ့သင်ကြားနည်းတွေနဲ့သင်ကြားပေးတဲ့ချင်းတွင်းကောလိပ်မှာသင့်အတွက်အတွေ့အကြုံသစ်တွေအများကြီးရစေမှာပါ။
ဒီကကျွန်မရဲ့တပည့်တွေကလည်းခုလိုသင်ရတာကိုသဘောကျကြတယ်။ဒါကြောင့်တကယ်ကောင်းတဲ့တက်္ကသိုလ်တစ်ခုပါ ။

Advertisements