ကၽြန္ေတာ့္စိတ္ထဲရွိတဲ့အတိုင္းေျပာရမယ္ဆိုရင္
ဒီခ်င္းတြင္းေကာလိပ္မွာသင္ၾကားျပသရတာဟာကၽြန္ေတာ့္ဘ၀မွာစိတ္အခ်မ္းသာဆံုးနဲ႔အဆင္အေျပဆံုးပါပဲ။

ဒီကလူေတြကစိတ္သေဘာထားလည္းေကာင္းၾကတယ္ ေက်ာင္းသားေတြကလည္းအာရံုစူးစိုက္မႈအားေကာင္းျပီး
တိုးတက္ခ်င္စိတ္လည္းရွိၾကတယ္။

ဒီကိုေရာက္စကမတူညီတဲ့ယဥ္ေက်းမွဳေၾကာင့္ ေက်ာင္းသားေတြနဲ႔ကၽြန္ေတာ့္ၾကားမွာ ရယ္စရာအလြဲေလးေတြၾကံဳခဲ့ရတယ္
သူတို႔ကိုိုၾကည့္ျပီးရယ္မိသလိုကိုယ္တိုင္လည္းသူတို႔အတြက္ရယ္စရာျဖစ္ခဲ့တယ္။ဒါေပမယ့္တစ္ခါတစ္ေလမွာေတာ့ကၽြန္ေတာ္တို႔ၾကားမွာကိုယ့္နည္းကိုယ့္ဟန္နဲ႔အျပန္အလွန္ဆက္သြယ္ဖို႔နည္းလမ္းသစ္ေလးေတြရခဲ့တယ္။

ေယဘုယ်အားျဖင့္စာသင္ၾကားမွဳမွာ စိတ္ပါ၀င္စားစြာသင္ယူျပီး မွားမွာကိုမေၾကာက္ပဲရဲရဲ၀ံ့၀ံ့ေမးရဲမွသင္ၾကားရတဲ့သူဘက္ကလည္းအားရစရာျဖစ္မွာေလကၽြန္ေတာ္တို႔အလုပ္ကကိုယ္သင္ရမယ့္အတန္းကိုကိုယ့္စိတ္ၾကိဳက္ပံုစံျဖစ္ေအာင္ျဖည္းျဖည္းခ်င္းညွိႏွိဳင္းပံုသြင္းယူရမွာပါပဲ ။

ပံုမွန္အတိုင္းဆိုအခန္းထဲမွာပဲသင္ၾကားရတာဆိုေပမယ့္ တစ္ခါတစ္ေလအျပင္ထြက္ျပီးသင္ဖို႔လိုလာတဲ့အခါမ်ိဳးမွာ သူတို႔သင္ခ်င္တဲ့ေနရာကို ကိုယ္ကလိုက္ေပးတာမ်ိဳးက ဆရာနဲ႔တပည့္ကိုပိုျပီးရင္းႏွီးေစတဲ့သင္ၾကားမွဳပံုစံတစ္မ်ိဳးပဲ
ဒါေၾကာင့္ေက်ာင္းသားေတြသင္ယူရတာေပ်ာ္ေအာင္၊ ပုိျပီးတက္ၾကြေအာင္၊လက္ေတြ႔ပိုက်ေအာင္ကၽြန္ေတာ္တို႔ၾကိဳးစားၾကတယ္။

ဘာလို႔လဲဆိုေတာ့ဆရာနဲ႔တပည့္ပိုရင္းႏွီးျပီးအက်ိဳးပိုရွိမယ့္သင္ၾကားမွဳလို႔ကၽြန္ေတာ္ေတာ့ယူဆတယ္။အရင္ကၽြန္ေတာ္စာသင္ဖူးတဲ့ေနရာေတြမွာလည္း ဒီနည္းလမ္းကပံုစံအမ်ိဳးမ်ိဳးနဲ႔အေတာ္အသံုး၀င္ခဲ့တဲ့နည္းလမ္းလို႔ဆိုရမယ္ဗ်
ဒီမွာသင္ယူတတ္ေျမာက္ဖို႔အတြက္စူးစမ္းလိုစိတ္ရွိရမယ္။

သဘာ၀တရားကိုတန္ဖိုးထားတတ္ရမယ္။
အဂၤလိပ္စာ၊ စကားကိုလည္းတတ္ေျမာက္ထားရမယ္ ဒါဟာသင္ၾကားမွဳအတြက္အေရးအၾကီးဆံုးလိုအပ္ခ်က္ေတြလို႔ကၽြန္ေတာ္ေတာ့ထင္တယ္။
အစပိုင္းမွာေတာ့ပ်င္းရိျငီးေငြ႔တာတို႔၊သင္လို႔နားမလည္မွာေၾကာက္တာတို႔ၾကံဳေကာင္းၾကံဳရႏိုင္တယ္။ဒါဟာလြယ္ကူတဲ့အလုပ္မဟုတ္ဘူးဆိုတာသိတဲ့အတြက္ကၽြန္ေတာ္တို႔ဘက္ကလဲ အတတ္ႏိုင္ဆံုး ကူညီပံ့ပိုးေပးသြားမွာပါ
အဲဒီလိုအတူတူၾကိဳးစားၾကရင္းနဲ႔ပဲသင္ယူရပိုျပီးလြယ္ကူလာမွာပါ။

ကၽြန္ေတာ္ကေတာ့သင္ၾကားမွဳကိုစြန္႔စားမွဳတစ္ခုလိုသေဘာထားတယ္
ကိုယ့္ရဲ႕အေတြးအေခၚအၾကံအဥာဏ္ေတြကိုခ်ျပတယ္။
ကၽြန္ေတာ္ကိိုယ္တိုင္လည္းဦးေႏွာက္ကိုေဘာင္မကန္႔ထားသလို
ေက်ာင္းသားေတြကိုလည္းသူတို႔အေတြးအေခၚေတြကိုပြင့္ပြင့္လင္းလင္းခ်ျပေဆြးေႏြးခြင့္ေပးထားတယ္။ဒါဟာကၽြန္ေတာ္ယံုၾကည္ထားတဲ့သင္ၾကားမွဳမ်ိဳးပဲ။

ကၽြန္ေတာ္ခုေရာက္ေနတဲ့အဖြဲ႔အစည္းကလည္းအလြန္ေကာင္းမြန္တဲ့အဖြဲ႔အစည္းပါ။ သူတို႔ကပညာေရးနဲ႔ပတ္သက္ျပီးျပင္းျပတဲ့စိတ္ဆႏၵလည္းရွိတယ္။
သင္ေထာက္ကူပစၥည္းေတြလည္းကၽြန္ေတာ္တို႔လိုအပ္သမွ်အျပည့္အ၀ရွိတဲ့အတြက္ေက်ာင္းသားေတြနားလည္ေအာင္ကၽြန္ေတာ္တို႔ပိုျပီးလက္ေတြ႔က်က်သင္ေပးခြင့္ရတယ္။ဒီကလူေတြနဲ႔ပူးေပါင္းျပီးအလုပ္လုပ္ရတာ အရမ္းေကာင္းမြန္ျပီးအေတြ႔အၾကံဳသစ္ေတြလည္းရတယ္။

ေက်ာင္းသားေတြရဲ႕လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးရမွာကလဲဆရာေတြနဲ႔ေက်ာင္းရဲ႕တာ၀န္ပဲေလ အဂၤလိပ္စာကၽြမ္းက်င္ဖို႔ေတာ့အဓိကလိုအပ္တာေပါ့
ဒါေၾကာင့္လဲေက်ာင္းသားေတြကခ်င္းတြင္းေကာလိပ္ကိုေရြးခ်ယ္ၾကတာျဖစ္ပါလိမ့္မယ္။

ကၽြန္ေတာ့္အတြက္အေကာင္းဆံုးအမွတ္တရကေတာ့
ကၽြန္ေတာ့္စာသင္ခ်ိန္ျပီးတဲ့အခ်ိန္မွာေက်ာင္းသားေတြက
ကၽြန္ေတာ့္ရဲ႕သင္ၾကားတဲ့နည္းလမ္းေတြကသူတို႔ဘ၀တြက္အေတြ႔အၾကံဳသစ္ေတြရျပီးအေထာက္အကူျဖစ္တယ္လို႔လာေျပာတဲ့အခိုက္အတန္႔ပါပဲ။

အဲဒီလိုၾကားရလို႔လည္းကၽြန္ေတာ့္ကိုပိုၾကိဳးစားဖို႔ခြန္အားျဖစ္ေစတယ္
ေက်းဇူးတင္ပါတယ္။

[unicode]

ကျွန်တော့်စိတ်ထဲရှိတဲ့အတိုင်းပြောရမယ်ဆိုရင်
ဒီချင်းတွင်းကောလိပ်မှာသင်ကြားပြသရတာဟာကျွန်တော့်ဘဝမှာစိတ်အချမ်းသာဆုံးနဲ့အဆင်အပြေဆုံးပါပဲ။

ဒီကလူတွေကစိတ်သဘောထားလည်းကောင်းကြတယ် ကျောင်းသားတွေကလည်းအာရုံစူးစိုက်မှုအားကောင်းပြီး
တိုးတက်ချင်စိတ်လည်းရှိကြတယ်။

ဒီကိုရောက်စကမတူညီတဲ့ယဉ်ကျေးမှုကြောင့် ကျောင်းသားတွေနဲ့ကျွန်တော့်ကြားမှာ ရယ်စရာအလွဲလေးတွေကြုံခဲ့ရတယ်
သူတို့ကိိုုကြည့်ပြီးရယ်မိသလိုကိုယ်တိုင်လည်းသူတို့အတွက်ရယ်စရာဖြစ်ခဲ့တယ်။ဒါပေမယ့်တစ်ခါတစ်လေမှာတော့ကျွန်တော်တို့ကြားမှာကိုယ့်နည်းကိုယ့်ဟန်နဲ့အပြန်အလှန်ဆက်သွယ်ဖို့နည်းလမ်းသစ်လေးတွေရခဲ့တယ်။

ယေဘုယျအားဖြင့်စာသင်ကြားမှုမှာ စိတ်ပါဝင်စားစွာသင်ယူပြီး မှားမှာကိုမကြောက်ပဲရဲရဲဝံ့ဝံ့မေးရဲမှသင်ကြားရတဲ့သူဘက်ကလည်းအားရစရာဖြစ်မှာလေကျွန်တော်တို့အလုပ်ကကိုယ်သင်ရမယ့်အတန်းကိုကိုယ့်စိတ်ကြိုက်ပုံစံဖြစ်အောင်ဖြည်းဖြည်းချင်းညှိနှိုင်းပုံသွင်းယူရမှာပါပဲ ။

ပုံမှန်အတိုင်းဆိုအခန်းထဲမှာပဲသင်ကြားရတာဆိုပေမယ့် တစ်ခါတစ်လေအပြင်ထွက်ပြီးသင်ဖို့လိုလာတဲ့အခါမျိုးမှာ သူတို့သင်ချင်တဲ့နေရာကို ကိုယ်ကလိုက်ပေးတာမျိုးက ဆရာနဲ့တပည့်ကိုပိုပြီးရင်းနှီးစေတဲ့သင်ကြားမှုပုံစံတစ်မျိုးပဲ
ဒါကြောင့်ကျောင်းသားတွေသင်ယူရတာပျော်အောင်၊ ပိုပြီးတက်ကြွအောင်၊လက်တွေ့ပိုကျအောင်ကျွန်တော်တို့ကြိုးစားကြတယ်။

ဘာလို့လဲဆိုတော့ဆရာနဲ့တပည့်ပိုရင်းနှီးပြီးအကျိုးပိုရှိမယ့်သင်ကြားမှုလို့ကျွန်တော်တော့ယူဆတယ်။အရင်ကျွန်တော်စာသင်ဖူးတဲ့နေရာတွေမှာလည်း ဒီနည်းလမ်းကပုံစံအမျိုးမျိုးနဲ့အတော်အသုံးဝင်ခဲ့တဲ့နည်းလမ်းလို့ဆိုရမယ်ဗျ
ဒီမှာသင်ယူတတ်မြောက်ဖို့အတွက်စူးစမ်းလိုစိတ်ရှိရမယ်။

သဘာဝတရားကိုတန်ဖိုးထားတတ်ရမယ်။
အင်္ဂလိပ်စာ၊ စကားကိုလည်းတတ်မြောက်ထားရမယ် ဒါဟာသင်ကြားမှုအတွက်အရေးအကြီးဆုံးလိုအပ်ချက်တွေလို့ကျွန်တော်တော့ထင်တယ်။
အစပိုင်းမှာတော့ပျင်းရိငြီးငွေ့တာတို့၊သင်လို့နားမလည်မှာကြောက်တာတို့ကြုံကောင်းကြုံရနိုင်တယ်။ဒါဟာလွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာသိတဲ့အတွက်ကျွန်တော်တို့ဘက်ကလဲ အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမှာပါ
အဲဒီလိုအတူတူကြိုးစားကြရင်းနဲ့ပဲသင်ယူရပိုပြီးလွယ်ကူလာမှာပါ။

ကျွန်တော်ကတော့သင်ကြားမှုကိုစွန့်စားမှုတစ်ခုလိုသဘောထားတယ်
ကိုယ့်ရဲ့အတွေးအခေါ်အကြံအဉာဏ်တွေကိုချပြတယ်။
ကျွန်တော်ကိိုယ်တိုင်လည်းဦးနှောက်ကိုဘောင်မကန့်ထားသလို
ကျောင်းသားတွေကိုလည်းသူတို့အတွေးအခေါ်တွေကိုပွင့်ပွင့်လင်းလင်းချပြဆွေးနွေးခွင့်ပေးထားတယ်။ဒါဟာကျွန်တော်ယုံကြည်ထားတဲ့သင်ကြားမှုမျိုးပဲ။

ကျွန်တော်ခုရောက်နေတဲ့အဖွဲ့အစည်းကလည်းအလွန်ကောင်းမွန်တဲ့အဖွဲ့အစည်းပါ။ သူတို့ကပညာရေးနဲ့ပတ်သက်ပြီးပြင်းပြတဲ့စိတ်ဆန္ဒလည်းရှိတယ်။
သင်ထောက်ကူပစ္စည်းတွေလည်းကျွန်တော်တို့လိုအပ်သမျှအပြည့်အဝရှိတဲ့အတွက်ကျောင်းသားတွေနားလည်အောင်ကျွန်တော်တို့ပိုပြီးလက်တွေ့ကျကျသင်ပေးခွင့်ရတယ်။ဒီကလူတွေနဲ့ပူးပေါင်းပြီးအလုပ်လုပ်ရတာ အရမ်းကောင်းမွန်ပြီးအတွေ့အကြုံသစ်တွေလည်းရတယ်။

ကျောင်းသားတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးရမှာကလဲဆရာတွေနဲ့ကျောင်းရဲ့တာဝန်ပဲလေ အင်္ဂလိပ်စာကျွမ်းကျင်ဖို့တော့အဓိကလိုအပ်တာပေါ့
ဒါကြောင့်လဲကျောင်းသားတွေကချင်းတွင်းကောလိပ်ကိုရွေးချယ်ကြတာဖြစ်ပါလိမ့်မယ်။

ကျွန်တော့်အတွက်အကောင်းဆုံးအမှတ်တရကတော့
ကျွန်တော့်စာသင်ချိန်ပြီးတဲ့အချိန်မှာကျောင်းသားတွေက
ကျွန်တော့်ရဲ့သင်ကြားတဲ့နည်းလမ်းတွေကသူတို့ဘဝတွက်အတွေ့အကြုံသစ်တွေရပြီးအထောက်အကူဖြစ်တယ်လို့လာပြောတဲ့အခိုက်အတန့်ပါပဲ။

အဲဒီလိုကြားရလို့လည်းကျွန်တော့်ကိုပိုကြိုးစားဖို့ခွန်အားဖြစ်စေတယ်
ကျေးဇူးတင်ပါတယ်။

Advertisements