(၁) အလုပ္မွာ ၿမဲဖို ့အတြက္ လစာ တိုး ေပးတာမ်ိဳးမျဖစ္ေစပါနဲ ့
လူေတြဟာ လစာေၾကာင့္ အလုပ္က ထြက္ၾကတာ နည္းတယ္ ။သူတို ့ဟာ တခါတေလမွာ အလုပ္ရွင္ေၾကာင့္ အလုပ္ကထြက္သြားၾကတာမ်ိဳး ျဖစ္တတ္သတဲ့ ။

(၂) အျမန္လုပ္ရမွာ ‘urgent’ နဲ ့အေရးႀကီးတာ ‘important’ ကို ခြဲျခားသိဖို ့လိုပါတယ္ ။လူေတာ္ေတာ္မ်ားမ်ားဟာ အေရးႀကီးတာနဲ ့အျမန္လုပ္ရမွာကို ေရာေထြးတတ္ၾကတယ္ ။
ဒီႏွစ္ခုၾကား ကြာျခားမႈရွိတယ္ဆိုတယကို နားလည္တယ္ဆိုတာက အေရးႀကီးတဲ့တာဝန္ပိုင္းနဲ ့အျမန္ၿပီးေအာင္လုပ္ရမယ့္တာဝန္ပိုင္းတို ့ဟာ အရည္အေသြးနဲ ့ထုတ္လုပ္မႈပိုင္းအေပၚမွာပါ ဩဇာသက္ေရာက္မႈႀကီးမားတယ္ဆိုတာသိနားလည္တာျဖစ္ပါတယ္ ။ ကိုယ့္ရဲ ့စီမံခန္ ့ခြဲမႈဦးေႏွာက္ကို ပညာေပးပါ ။

(၃) သင့္ဆံုးျဖတ္ခ်က္မွာ သင့္ဝန္ထမ္းမ်ားလည္း ပါဝင္ပါေစ ။သင့္ရဲ ့ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္း ျဖစ္စဥ္မွာ သင့္ဝန္ထမ္းေတြ လုပ္ေဖၚကိုင္ဖက္ေတြကို ပါဝင္ခြင့္ေပးရင္ သူတို ့လည္း ေက်နပ္ေပ်ာ္ရႊင္မႈ ခံစားရမွာျဖစ္ပါတယ္ ။ ဒါ့အျပင္ သင့္အေနနဲ ့လည္း ေနာက္ဆံုးပိတ္ထြက္လာတဲ့ရလဒ္အတြက္ သူတို ့ရဲ ့ေထာက္ခံမႈကိုပါ ရမွာျဖစ္တယ္ ။

(၄) ဝန္ထမ္းေတြရဲ ့အလုပ္ေတြကို အဓိပၸာယ္ရွိေအာင္ လုပ္ေပးပါ ။ အဓိပၸာယ္ထည့္ေပးပါ ။တာဝန္ဆိုတာ အလုပ္သမားတစ္ဦး စိတ္ဓါတ္တက္ၾကြေရးအတြက္ ေသာ့ခ်က္ျဖစ္ပါတယ္ ။ စိန္ေခၚမႈရွိတဲ့အလုပ္က စိတ္ဓါတ္ခြန္အားတိုးေစတယ္ ။ ၿငီးေငြ ့ဖြယ္ ၊ ဒါခ်ည္းထပ္ကာ ထပ္ကာလုပ္ရတဲ့အလုပ္မ်ိဳးက်ေတာ့ ဝန္ထမ္းေတြရဲ ့စိတ္တက္ၾကြမႈကို အဟန္ ့အတားျဖစ္ေစတယ္ ။

(၅) ကိုယ့္လူေတြကို ကိုယ္ သစၥာရွိစြာ ေစာင့္ေရွာက္ပါ ။ အမူအရာေလးတစ္ခု လုပ္တာကလည္း ထူးျခားမႈအႀကီးႀကီးျဖစ္ေစပါတယ္ ။ မန္ေနဂ်ာေတြဟာ အခ်ိန္ဇယားေတြခ်မွတ္ရာမွာ ေပ်ာ့ေပ်ာင္းမႈတခ်ိဳ ့တေလရွိတာ တန္ဖိုးထားထိုက္တဲ့ကိစၥျဖစ္ပါတယ္ ။

(၆)စည္းမ်ဥ္းေတြအေၾကာင္းေတာ့ ရွင္းလင္းထားပါ ။လူေတြက အလုပ္ခြင္နဲ ့ပတ္သက္တဲ့စည္းမ်ဥ္းေတြကို စိတ္ရႈပ္ေထြးလာရင္ သူတို ့မေပ်ာ္ေတာ့ဘူး ။ အလုပ္မွာစိတ္ဖိစီးမႈေတြ ရလာတတ္တယ္ ။

(၇) စကားကို တည္တန္ ့ပါေစ ဆိုခဲေစ ၿမဲခဲေစ ။ ေျပာတာတျခား လုပ္တာေတာ့ တျခား မျဖစ္ေစနဲ ့ေပါ့ ။
[unicode]

(၁) အလုပ်မှာ မြဲဖို ့အတွက် လစာ တိုး ပေးတာမျိုးမဖြစ်စေပါနဲ ့
လူတွေဟာ လစာကြောင့် အလုပ်က ထွက်ကြတာ နည်းတယ် ။သူတို ့ဟာ တခါတလေမှာ အလုပ်ရှင်ကြောင့် အလုပ်ကထွက်သွားကြတာမျိုး ဖြစ်တတ်သတဲ့ ။

(၂) အမြန်လုပ်ရမှာ ‘urgent’ နဲ ့အရေးကြီးတာ ‘important’ ကို ခွဲခြားသိဖို ့လိုပါတယ် ။လူတော်တော်များများဟာ အရေးကြီးတာနဲ ့အမြန်လုပ်ရမှာကို ရောထွေးတတ်ကြတယ် ။
ဒီနှစ်ခုကြား ကွာခြားမှုရှိတယ်ဆိုတယကို နားလည်တယ်ဆိုတာက အရေးကြီးတဲ့တာဝန်ပိုင်းနဲ ့အမြန်ပြီးအောင်လုပ်ရမယ့်တာဝန်ပိုင်းတို ့ဟာ အရည်အသွေးနဲ ့ထုတ်လုပ်မှုပိုင်းအပေါ်မှာပါ ဩဇာသက်ရောက်မှုကြီးမားတယ်ဆိုတာသိနားလည်တာဖြစ်ပါတယ် ။ ကိုယ့်ရဲ ့စီမံခန် ့ခွဲမှုဦးနှောက်ကို ပညာပေးပါ ။

(၃) သင့်ဆုံးဖြတ်ချက်မှာ သင့်ဝန်ထမ်းများလည်း ပါဝင်ပါစေ ။သင့်ရဲ ့ဆုံးဖြတ်ချက်ချမှတ်ခြင်း ဖြစ်စဉ်မှာ သင့်ဝန်ထမ်းတွေ လုပ်ဖေါ်ကိုင်ဖက်တွေကို ပါဝင်ခွင့်ပေးရင် သူတို ့လည်း ကျေနပ်ပျော်ရွှင်မှု ခံစားရမှာဖြစ်ပါတယ် ။ ဒါ့အပြင် သင့်အနေနဲ ့လည်း နောက်ဆုံးပိတ်ထွက်လာတဲ့ရလဒ်အတွက် သူတို ့ရဲ ့ထောက်ခံမှုကိုပါ ရမှာဖြစ်တယ် ။

(၄) ဝန်ထမ်းတွေရဲ ့အလုပ်တွေကို အဓိပ္ပာယ်ရှိအောင် လုပ်ပေးပါ ။ အဓိပ္ပာယ်ထည့်ပေးပါ ။တာဝန်ဆိုတာ အလုပ်သမားတစ်ဦး စိတ်ဓါတ်တက်ကြွရေးအတွက် သော့ချက်ဖြစ်ပါတယ် ။ စိန်ခေါ်မှုရှိတဲ့အလုပ်က စိတ်ဓါတ်ခွန်အားတိုးစေတယ် ။ ငြီးငွေ ့ဖွယ် ၊ ဒါချည်းထပ်ကာ ထပ်ကာလုပ်ရတဲ့အလုပ်မျိုးကျတော့ ဝန်ထမ်းတွေရဲ ့စိတ်တက်ကြွမှုကို အဟန် ့အတားဖြစ်စေတယ် ။

(၅) ကိုယ့်လူတွေကို ကိုယ် သစ္စာရှိစွာ စောင့်ရှောက်ပါ ။ အမူအရာလေးတစ်ခု လုပ်တာကလည်း ထူးခြားမှုအကြီးကြီးဖြစ်စေပါတယ် ။ မန်နေဂျာတွေဟာ အချိန်ဇယားတွေချမှတ်ရာမှာ ပျော့ပျောင်းမှုတချို ့တလေရှိတာ တန်ဖိုးထားထိုက်တဲ့ကိစ္စဖြစ်ပါတယ် ။

(၆)စည်းမျဉ်းတွေအကြောင်းတော့ ရှင်းလင်းထားပါ ။လူတွေက အလုပ်ခွင်နဲ ့ပတ်သက်တဲ့စည်းမျဉ်းတွေကို စိတ်ရှုပ်ထွေးလာရင် သူတို ့မပျော်တော့ဘူး ။ အလုပ်မှာစိတ်ဖိစီးမှုတွေ ရလာတတ်တယ် ။

(၇) စကားကို တည်တန် ့ပါစေ ဆိုခဲစေ မြဲခဲစေ ။ ပြောတာတခြား လုပ်တာတော့ တခြား မဖြစ်စေနဲ ့ပေါ့ ။

Advertisements