Unicode:
ကျွန်တော့် နာမည် စောရန်နောင်ပါ..
ချင်းတွင်းကောလိပ်မှာ Civil engineering ဘာသာရပ်ကို သင်ယူနေပါတယ်။
အသက်ကတော့ ၁၉နှစ်ရှိပါပြီ။
2013 လောက်ကစပြီး ချင်းတွင်းကောလိပ်မှာ သင်ကြားခဲ့ပါတယ်။
ကျောင်းပြီးရင်တော့ အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသွားမှာပါ ။
အတန်းထဲမှာ စာသင်ရတဲ့အခါ ကိုယ်တိုင်ပါဝင်ရတဲ့ ပရောဂျက်တို ့စာသင်ရတာတို ့က ကျွန်တော့် အတွက် ပထမဆုံးဖြစ်နေတော့ အစပိုင်းမှာ အရမ်းကိုခက်ခဲခဲ့ပါတယ်။
ကျွန်တော်ရွေးချယ်ထားတဲ ့ဘာသာရပ်နဲ ့ပက်သက်ပြီးသဘောကျပါတယ်..ငယ်ငယ်တည်းက ကျွန်တော်က အင်ဂျင်နီယာတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။
ချင်းတွင်းကောလိပ်မှာက သင်ကြားမှုပုံစံ ကောင်းမွန်တယ်..ဆရာတွေကလည်းစိတ်ရှည်လက်ရှည်နဲ ့သင်ကြားပေးတယ်။
ချင်းတွင်းကောလိပ်မှာ ကျောင်းတက်ရတဲ ့ အတွေ ့အကြုံတွေကတော့ ဆရာ ဆရာမတွေရဲ ့ဆုံးမစကားသံတွေကြောင့် ပိုပြီးရင့်ကျက်လာတယ်..အရာရာမှာ ပိုပြီး စဉ်းစားတတ်လာတယ်။
English skill , IELTS skill တွေပိုပြီးကောင်းမွန်လာတယ်။
ချင်းတွင်းကောလိပ်မှာ တက်ခဲ ့ရတဲ့အတွက် လူအများကြားမှာကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိရှိနဲ ့သွားလာနိုင်တာကတော့ အပိုလက်ဆောင်ရလိုက်သလိုပဲပေါ့….
ကျောင်းပြီးသွားရင် နိုင်ငံခြားကိုအလုပ်ထွက်လုပ်ဖို ့အစီအစဉ်ရှိပါတယ်… ပြီးတော့ မိဘ စီးပွါးရေးကိုလည်းဆက်လုပ်ဖြစ်မှာပါ။
ကျောင်းတွေပြီးသွားလို ့အလုပ်ခွင်ရောက်ရင် ချင်းတွင်းကောလိပ်အကြောင်း ပြန်သတိရမယ်ဆိုရင် ချင်းတွင်းကောလိပ်ကလုပ်တဲ့ student day မှာ Mister Smart ရခဲ့တာကိုအရင်ဆုံး သတိရမိမှာပါ.။
ပြီးရင် ဆရာ ဆရာမတွေရဲ ့ဆုံးမသြဝါဒတွေ.. ‘’ မင်း Assignment မထပ်သေးဘူးလား.. Dead Line ကျော်တော့မယ် ‘’ ဆိုတဲ့ စကားသံတွေကို အမြဲသတိရနေမှာပါ။
ကျောင်းသားသစ်တွေကို ချင်းတွင်းကောလိပ်ကို တက်စေချင်တဲ့ အကြံအဉာဏ်မျိုးပေးရမယ်ဆိုရင် ချင်းတွင်းမှာ BTEC HND (Higher National Diploma) လက်မှတ်ပေးတဲ့ ကျောင်းတစ်ကျောင်းဖြစ်တယ်။ HND လက်မှတ်ကို အင်္ဂလန်(UK) Pearson က အသိအမှတ်ပြုပြီးပေးတာဖြစ်ပါတယ်..
HND Diploma ပြီးရင် UK မှ Top 40 စာရင်းဝင် University of Portsmouth မှဘွဲ ့သင်တန်းများကို ပြည်တွင်းမှာပဲ ဘွဲ ့ရသည်အထိတက်ရောက်သင်ကြားနိုင်တဲ့အတွက်ကြောင့် ချင်းတွင်းကောလိပ်ကိုရွေးချယ်စေလိုပါတယ်။
Advertisements