ကၽြန္မ နာမည္ကေတာ့ ေမျပည့္မွဴးဟန္ပါ ။
အခုရရွိေတာ့ မယ့္ Degree အမ်ိဳး အစား ကေတာ့ Bachelor of Engineering (Hons) Electronic Engineering awarded by University of Portsmouth ျဖစ္ပါတယ္။

Final year ဘြဲ႕ကို ရရွိေတာ့မွာ ျဖစ္တဲ့ အတြက္ အရမ္းေပ်ာ္ပါတယ္။
Exam results ထြက္တုန္းကေတာ့ရင္အခုန္ဆံုးေပါ့။

စာသင္ခ်ိန္ေတြမွာေတာ့ ႏိုင္ငံျခားက ဆရာေတြလာသင္ေတာ့ အေတြ႕ အၾကံဳေတြလဲ အမ်ားႀကီးရခဲ့ပါတယ္။

UOP မွာ Final Year တက္ဖုိ႔ ဆံုးျဖတ္တဲ့ အေၾကာင္းက ေက်ာင္းစရိတ္လဲ UK သြားသေလာက္မကုန္ေတာ့သလို ႏုိင္ငံျခားကဆရာေတြကလဲ လာသင္တဲ့အတြက္ ဒီေက်ာင္းကို ေရြးခ်ယ္ခဲ့တာပါ။

ကိုယ္ေရြးခ်ယ္ၿပီး တတ္ထားတဲ့ ပညာေတြ ကို ကိုနဲ႕ထိုက္တန္တဲ႕ ကိုယ့္ကိုလိုအပ္တဲ႕ ေနရာေတြမွာ အသံုးခ်သြားမွာပါ။

ဘြဲ႕ ရၿပီး လို႕ အဆင္ေျပရင္ေတာ့ေက်ာင္းလဲဆက္တက္ဖို႔ စီစဥ္ထားပါတယ္။

ကိုယ္ရဲ႕ ေနာက္ Batch က ညီေလး ၊ညီမေလးေတြ ကို ေတာ့ ရတဲ႕ အခ်ိန္ေလးမွာ အေကာင္းဆံုး ႀကိဳးစားပါ ႀကိဳးစားသေလာက္လဲ ကိုယ္နဲ႕ ထိုက္တန္တဲ႕ ေအာင္ျမင္မူကိုရမွာပါ ။

Unicode:

ကျွန်မ နာမည်ကတော့ မေပြည့်မှူးဟန်ပါ ။
အခုရရှိတော့ မယ့် Degree အမျိုး အစား ကတော့ Bachelor of Engineering (Hons) Electronic Engineering awarded by University of Portsmouth ဖြစ်ပါတယ်။

Final year ဘွဲ့ကို ရရှိတော့မှာ ဖြစ်တဲ့ အတွက် အရမ်းပျော်ပါတယ်။
Exam results ထွက်တုန်းကတော့ရင်အခုန်ဆုံးပေါ့။

စာသင်ချိန်တွေမှာတော့ နိုင်ငံခြားက ဆရာတွေလာသင်တော့ အတွေ့ အကြုံတွေလဲ အများကြီးရခဲ့ပါတယ်။

UOP မှာ Final Year တက်ဖို့ ဆုံးဖြတ်တဲ့ အကြောင်းက ကျောင်းစရိတ်လဲ UK သွားသလောက်မကုန်တော့သလို နိုင်ငံခြားကဆရာတွေကလဲ လာသင်တဲ့အတွက် ဒီကျောင်းကို ရွေးချယ်ခဲ့တာပါ။

ကိုယ်ရွေးချယ်ပြီး တတ်ထားတဲ့ ပညာတွေ ကို ကိုနဲ့ထိုက်တန်တဲ့ ကိုယ့်ကိုလိုအပ်တဲ့ နေရာတွေမှာ အသုံးချသွားမှာပါ။

ဘွဲ့ ရပြီး လို့ အဆင်ပြေရင်တော့ကျောင်းလဲဆက်တက်ဖို့ စီစဉ်ထားပါတယ်။

ကိုယ်ရဲ့ နောက် Batch က ညီလေး ၊ညီမလေးတွေ ကို တော့ ရတဲ့ အချိန်လေးမှာ အကောင်းဆုံး ကြိုးစားပါ ကြိုးစားသလောက်လဲ ကိုယ်နဲ့ ထိုက်တန်တဲ့ အောင်မြင်မူကိုရမှာပါ ။

Advertisements